ရခိုင်မြောက်ပိုင်းမှာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်






ရခိုင်မြောက်ပိုင်းမှာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စက်တင်ဘာ ၄၊ ၂၀၁၇

ဒေသခံတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်နိုင်ဖို့အတွက် ရခိုင်မြောက်ပိုင်းမှာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် ဆောင်ရွက်နေတယ်လို့ ရခိုင်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောကြောင်းသိရှိရပါတယ်။

နိုင်ငံတော် လုံခြုံရေးကို ထိပါးလာတဲ့ ကိစ္စမှန်သမျှကို တပ်မတော်က လိုအပ်သလို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

အခုလို ကြေညာတဲ့အတွက် တပ်မတော်သားတွေဟာ စစ်မြေပြင်စည်းကမ်းနဲ့အညီ တာဝန်ထမ်းဆောင်မှာ ဖြစ်ပြီး စစ်မှုထမ်းခြင်းဆိုရာ ခံစားခွင့်တွေနဲ့လည်း အကြုံးဝင်စေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက နယ်ခြားစောင့်ရဲတပ်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုတုန်းကလည်း အခုလို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။

News sources: BBC
Photo: AFP

Comments

Popular posts from this blog

လှိုဏ်ဂူအတွင်းပိတ်မိ တောဝက်ဘောလုံးအသင်းက ဘောလုံးသမားလေးတွေရဲ့ လက်ရှိ အခြေအနေ

ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နှင့် လိုက်ပါလာသူများကို ရသေ့တောင်တွင် သံပုံးတီး ကန့်ကွက်

၂၀၁၇ အကယ်ဒမီဆုရရှိသူများ