ဗီယက်နမ် ကန့်ကွက်ချက် တရုတ်က ငြင်းပယ်
နိုင်ငံတကာ၊ စက်တင်ဘာ ၆၊ ၂၀၁၇
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်တာကို ဗီယက်နမ်က ကန့်ကွက်တဲ့အပေါ် သူ့ရဲ့ပိုင်နက်ထဲလေ့ကျင့်တာဖြစ်တယ်လို့ တရုတ်က ပြန်ပြီး တုန့်ပြန်လိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံက သူ့ပိုင်ဆိုင်မှုအဖြစ် ကြေညာထားတဲ့ ပါရာဆယ်လ်ကျွန်းတွေနားမှာ တရုတ်က စစ်ရေးလေ့ကျင့်ခဲ့တာပါ။ ဒီကိစ္စမှာ ဘာမှအမှားမလုပ်ခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Geng Shuang က ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ရေပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်လို့ တရုတ်နဲ့ဗီယက်နမ်ကြား တင်းမာမှုဟာ ၃ နှစ်အတွင်း အဆိုးဆုံးအခြေအနေကို ရောက်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက တောင်တရုတ်ပင်လယ်ထဲ ဗီယက်နမ်ဘက်က ရေနံရှာနေတာကိုရပ်ဖို့ တရုတ်အစိုးရက ဖိအားပေးခဲ့တဲ့အတွက် ဗီယက်နမ်ဘက်က ရပ်ဆိုင်းပေးခဲ့ရပါတယ်။
News credit: RFA Burmese
Photo credit: Naing Myanmar
References link:
https://www.facebook.com/rfaburmese/?hc_ref=ARRPXm_i8yUeZVHMvajFgzr9BxOOpkmuA8H1-tZGYuKbjySJb0vpESBjJ0hJxqlI9Qw&fref=nf
Comments
Post a Comment