စစ်ရေးနဲ့ အကြီးအကျယ် တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားကို အမေရိကန် သတိပေး


စစ်ရေးနဲ့ အကြီးအကျယ် တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားကို အမေရိကန် သတိပေး

နိုင်ငံတကာ၊ စက်တင်ဘာ ၄၊ ၂၀၁၇

အမေရိကန် ကာကွယ်ရေး ဝန်ကြီး James Mattis က အမေရိကန်နိုင်ငံကို ဒါမှမဟုတ် မဟာမိတ်နိုင်ငံတွေကို မြောက်ကိုရီးယားက ခြိမ်းခြောက် အန္တရာယ် ပြုလာခဲ့ရင် စစ်ရေးအရ အကြီးအကျယ် တုံ့ပြန်တာမျိုးကို ရင်ဆိုင်ရမယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားက အခုနောက်ဆုံး အင်အားအပြင်းဆုံး နျူကလီယား စမ်းသပ်မှု လုပ်ခဲ့အပြီး နောက်ပိုင်း သမ္မတထရမ့်နဲ့ နိုင်ငံတော် လုံခြုံရေး ကိစ္စ ဆွေးနွေး ပြောဆိုခဲ့အပြီးမှာ James Mattisက အခုလို ပြောခဲ့တာပါ။
မြောက်ကိုရီးယားနဲ့ စီးပွားရေး လုပ်ငန်း လုပ်တဲ့ တိုင်းပြည်တွေကို အမေရိကန်က ကုန်သွယ်မှုတွေ ရပ်ဆိုင်းကောင်း ရပ်ဆိုင်းမယ်လို့ သမ္မတ ထရမ့်က သတိပေးလိုက်ပါတယ်။
တရုတ်ဟာ မြောက်ကိုရီးယားရဲ့ အဓိက ကုန်သွယ်ဘက် နိုင်ငံဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ တရုတ်အစိုးရအတွက် အန္တရာယ်ရှိတဲ့ အရှက်ရစရာ နိုင်ငံတခု ဖြစ်လာခဲ့ပြီလို့ သမ္မတ ထရမ့်က ပြောပါတယ်။
မြောက်ကိုရီယားကို အမေရိကန်က တိုက် မတိုက် ဆိုတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို သမ္မတထရမ့်က စောင့်ကြည့်ကြတာပေါ့လို့ပဲ ဖြေသွားခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားက ပဲ့ထိန်းစနစ် မစ်ဆိုင်းဒုံး လက်တွေ့ လေကျင့်မှုတခု လုပ်ခဲ့တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ လုပ်ရပ်အပေါ် တရုတ်နဲ့ ရုရှားတို့က အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖော်ပြောခဲ့အပြီးမှာ တောင်ကိုရီးယားက အခုလို လုပ်ခဲ့တာပါ။
အဲဒီ စမ်းသပ်မှုဟာ ၁၀နှစ်ကျော် ကာလအတွင်း မြောက်ကိုရီးယားရဲ့ ၆ခုမြောက် မစ်ဆိုင်းဒုံး စမ်းသပ်မှု ဖြစ်ပါတယ်။
အဲဒီ စမ်းသပ်မှုကြောင့် ၆ ဒဿမ၃ ပြင်းအားရှိတဲ့ ငလျင်တခု ဖြစ်ခဲ့ပြီး မြောက်ကိုရီးယားနဲ့ ကပ်ရက် တရုတ်နိုင်ငံ နယ်စပ်ဒေသက နေရာ အတော်များများမှာ ငလျင်လှုပ်မှု ဒဏ်ကို ခံခဲ့ကြပါတယ်။
သတင်း BBC
ဓါတ်ပုံ The Gazette Review

Comments

Popular posts from this blog

၂၀၁၇ အကယ်ဒမီဆုရရှိသူများ

ပုပ်ရဟန်းမင်းကြီး မဟနနဲ့ တွေ့ဆုံမည်