ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နှင့် လိုက်ပါလာသူများကို ရသေ့တောင်တွင် သံပုံးတီး ကန့်ကွက်





ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နှင့် လိုက်ပါလာသူများကို ရသေ့တောင်တွင် သံပုံးတီး ကန့်ကွက် 

ပြည်တွင်း၊ စက်တင်ဘာ ၊ ၂၀၁၇



ရခိုင်ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့  ဒီကနေ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ဖို့ စီစဉ်ရာမှာ ဒေသခံတွေရဲ့ ကန့်ကွက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့အဖွဲ့ ရသေ့တောင်မြို့ကိုသွားရောက်စဉ် အတူပါလာတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံတွေက သံပုံး၊ စလောင်ဖုံးတွေတီးပြီး ဆန္ဒပြခဲ့တာလို့  ရသေ့တောင်လွှတ်တော်အမတ် ဦးဦးသန်းနိုင်က ပြောပါတယ်။



ဝန်ကြီးချုပ်ခရီးစဉ်နဲ့အတူ အစ္စလာမ်ဘာသာဝင်နှစ်ဦး ပါလာတာပေါ့နော်။အဲဒီလူတွေကို ငြိမ်းချမ်းစွာဘာသာပေါင်းစုံ အတူနေထိုင်ရေး တရားဟောဖို့ လာတာပေါ့။ တရားဟောဖို့၊ ဆွေးနွေးဖို့လာကြတာကို မြို့လူထုတွေက လက်မခံကြဘူး။ အဲဒီမှာအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြေးလာတဲ့ ဒုက္ခသည်တွေအများကြီးရှိ တာပေါ့ဗျာ။ ရသေ့တောင်မှာ   အဲဒီ ဒုက္ခသည်တွေကနေ ဦးဆောင်ပြီးတော့ ဆန္ဒပြတာပေါ့။  မြို့လူထုတွေက နောက်က လိုက်တာပေါ့။ အဲမှာ လူအုပ်က တအားများသွားတယ်။ အဲဒါက ၀န်ကြီးချုပ်ကို ရည်ရွယ်တာ မဟုတ်ဘူးလေ။ ဒီဟာကို ငြိမ်းချမ်းစွာအတူနေထိုင်ရေးဆိုတဲ့ မူကို သူတို့က မဖြစ်နိုင်ဘူးဆိုတာကို ပြတာပေါ့။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့ကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ လူထုထောင်ချီရှိပြီး ထိခိုက်ခံစားရတဲ့ ပြည်သူတွေ သွေးပူနေတဲ့အချိန်မှာ အခုလို ဆွေးနွေးမှု မလုပ်သင့်သေးဘူးလို့လည်း  ဦးဦးသန်းနိုင်က ပြောပါတယ်။

အခုဒုက္ခသည်ထဲ ပါလာတဲ့လူတွေမှာ မောင်တွေ၊ အစ်ကိုတွေ၊ အဖေတွေ၊ အသတ်ခံရပြီး ပါလာတဲ့ မိသားစုတွေပါတယ်။ ဘဂါင်္လီအကြမ်းဖက်သမားတွေရဲ့ အသတ်ခံရမှုတွေပါနေတော့ သူတို့က မကျေနပ်ဘူးပေါ့ဗျာ။  ကျနော့်အမြင်ပြောရရင်တော့ ဒီအချိန်မှာ ဒီစကားကို မပြောသင့် သေးဘူးလို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးတောင်မခြောက်သေးဘဲနဲ့ ခံစားနေရတဲ့ လူတွေက စိတ်ဒဏ်ရာတအားများနေတယ်ပေါ့ဗျာ။ အကြောက်တရား၊ အမုန်းတရားများနေတဲ့  အချိန်မှာ ချက်ခြင်းကြီးကိုပြေလည်စေမယ့်  ငြိမ်းချမ်းရေးလုပ်ပါဆိုတော့ တဖက်က စိတ်ဒဏ်ရာ ခံစားရသူတွေများနေတာပေါ့။ အဲဒါကြောင့် အချိန်နည်းနည်း စောနေသေးတယ်လို ယူဆပါတယ်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြို့ပေါ်က သံဃာတော်တွေနဲ့ လူထုတွေမတက်တဲ့အတွက်လည်း ဆွေးနွေးပွဲမဖြစ်မြောက်ခဲ့ဘူးလို့လည်း ပြောပါတယ်။

Credit to: သတင်းနှင့် ရုပ်သံ လှကျော် ဒီဗွီဘီ 
References: http://burmese.dvb.no/archives/227760)

Comments

Popular posts from this blog

လှိုဏ်ဂူအတွင်းပိတ်မိ တောဝက်ဘောလုံးအသင်းက ဘောလုံးသမားလေးတွေရဲ့ လက်ရှိ အခြေအနေ

မြန်မာနိုင်ငံသားတချို့ရဲ့ ဘဏ်စာရင်း တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်တွေမှာ ပိတ်ခံရ