ဘင်္ဂလားဒေ့ရှ် ရဲတပ်က အစွန်းရောက်အဖွဲ့ကို ဝင်စီး၊ ၇ ဦးသေဆုံး
ဘင်္ဂလားဒေ့ရှ် ရဲတပ်က အစွန်းရောက်အဖွဲ့ကို ဝင်စီး၊ ၇ ဦးသေဆုံး
နိုင်ငံတကာ၊ စက်တင်ဘာ ၆၊ ၂၀၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထိပ်တန်းအစ္စလာမ်အစွန်းရောက်အဖွဲ့ ခေါင်းဆောင်တဦး ပုန်းခိုနေတဲ့နေရာကို အထူးရဲတပ်ဖွဲ့က ဝငရောက်စီးနင်းတဲ့အခါမှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေး ၂ ယောက်အပါအဝင်အနည်းဆုံး လူ ၇ ယောက်သေဆုံးသွား တယ်လို့သိရပါတယ်။
အဲဒီအထဲမှာ အမျိုးသမီး ၂ ယောက်လည်း ပါဝင်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ သူတို့ကို ၅ ထပ်တိုက်တလုံးမှာ ရှောင်တခင်ဝင်ဖမ်းတာဖြစ်ပါတယ်။ အဲဒီနေရာကို JMB အစ္စလာမ်အစွန်း ရောက်အဖွဲ့က အဗ္ဗဒူလာဆိုသူပိုင်ဆိုင်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်း လက်လုပ်ဗုံးတွေနဲ့ ဖေါက်ခွဲတိုက်ခိုက်တာတွေကို အဲဒီ JMB အဖွဲ့က လုပ်တာလို့လည်း ပြစ်တင်ထားပါတယ်။
News Credit: RFA Burmese
Photo Credit: Yahoo

Comments
Post a Comment