နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်မိန့်ခွန်းမှ ကောက်နှုတ်ချက်များ



စက်တင်ဘာ ၁၉၊ ၂ဝ၁၇ခုနှစ်

မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ ပြသနာတွေနဲ့ပတ်သက်ပြီး ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ပါဝင်ပြီး နှစ်ပေါင်းများစွာ ကျွန်မတို့နိုင်ငံ ခံစားနေရတဲ့ သွေးထွက်သံယိုမှုတွေကို ဖြေရှင်းရမယ့် နည်းလမ်းတွေကို ရှာဖွေကြဖို့ ကျွန်မဖိတ်ခေါ်လိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကစလို့ ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စတင်ခဲ့ပါတယ်။ ကျွန်မတို့မှာ အခက်အခဲတွေအများကြီးကြုံရပါတယ်။ ဒီအတွက် မအံ့သြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ရင် အခက်အခဲတွေ ရှိစမြဲဆိုတာ ကျွန်မသိပါတယ်။ တစ်ခါတစ်လေ ဖြစ်စဉ်တွေက ရပ်တန့်သွားမယ်။ တစ်ခါတစ်လေ ဖြစ်စဉ်တွေက လုံးဝတန့်နေမယ်။ တစ်ခါတစ်လေ ကိစ္စအားလုံးက တစ်စစီကိုပြိုလဲကျနေတာမျိုးပေါ့။ အဆုံးသတ်မတော့ ကျမတို့အားလုံးဟာ လက်တွဲပြီး အတူတူ ရှေ့ဆက်ကြရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့တွေဟာ စစ်ပွဲတွေထက် ငြိမ်းချမ်းရေးကို ပိုလိုလားလို့ပါပဲ။ ပဋိပက္ခထက် ဟာမိုနီဖြစ်တာကို လိုချင်ပါတယ်။ ဒါဟာ ကျွန်မတို့မြန်မာပြည်သူပြည်သားတွေအားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လိုက်လျောညီထွေမှုရှိရေးနဲ့ တိုးတက်မှုရှိရေးတွေပါပဲ။

ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ကျွန်မတောင်းဆိုချင်တာကတော့ ကျွန်မတို့လိုလားတဲ့ ရည်မှန်းချက်တွေနဲ့ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ပြသနာတွေကို နာလည်မှုရှိဖို့နဲ့ စာနာမှုရှိဖို့ ဖြစ်ပါတယ်။ ဟန်ချက်ညီဖို့အတွက် အပြုသဘောဆောင်ပြီး မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် နည်းလမ်းအသစ်တွေကို ရှာဖွေဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံကိုလည်း တစ်ခုလုံးအနေနဲ့ ရှုမြင်စေချင်ပြီး ပြသနာဖြစ်တဲ့ နေရာကွက်ကွက်လေးတစ်ခုကိုပဲ ကြည့်မနေစေချင်ပါဘူး။ တစ်ခုလုံးကို ခြုံပြီးမြင်စေချင်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်နဲ့ နမူနာပြဆိုချင်ပါတယ်။ ကျန်းမာတဲ့သူတစ်ယောက်က တစ်ခုလုံးကို လွှမ်းခြုံပြီး ကျန်းမာရပါမယ်။ နာမကျန်းတဲ့ အစိတ်အပိုင်းလေးတစ်ခုတည်းကို လျစ်လျူရှုပြီး ကျန်းမာနေတယ်လို့ ပြောလို့မရပါဘူး။

ကျမတို့မြန်မာနိုင်ငံကို ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအတွေအခေါ်နဲ့ ယုံကြည်ချက်တွေကြောင့် ခွဲခြားပိုင်းခြားထားတဲ့ နိုင်ငံမျိုး မဖြစ်စေချင်ပါဘူး။ ကျမတို့အားလုံးဟာ မတူညီကွဲပြားနေကြပေမယ့် အားလုံးဟာ စုစည်းနေထိုင်နေကြပါတယ်။ အမုန်းတရားနဲ့ အကြောက်တရားဟာ ကျမတို့နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ ဆိုးရွားတဲ့ ဒဏ်ရာဒဏ်ချက်ဖြစ်ပါတယ်။ ပဋိပက္ခတွေအားလုံးဟာ အမုန်းတရားနဲ့ အကြောက်တရားကနေ ပေါက်ဖွားလာတာဖြစ်ပါတယ်။ ကျမတို့နိုင်ငံနဲ့ ကျမတို့ကမ္ဘာကြီးကနေ ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့အတွက် အဓိကပင်ရင်းဖြစ်တဲ့ အမုန်းတရားနဲ့ အကြောက်တရားကို ဖယ်ရှားရမှာဖြစ်ပါတယ်။ အခုဆိုရင် ကျမတို့ဟာ စွပ်စွဲပြစ်တင်မှုတွေ၊ တန်ပြန်စွပ်စွဲပြစ်တင်မှုတွေ ရှိနေပါတယ်။ ကျမအနေနဲ့ အချင်းချင်း နားလည်မှုနဲ့ လိုက်လျောညီထွေရှိမှုကိုပဲ လိုလားတာကြောင့် ကျမရဲ့ရည်ရွယ်ချက်နဲ့ မကိုက်ညီတဲ့ လက်နက်နဲ့ဖြစ်စေ၊ အိုင်ဒီယာအရဖြစ်စေ ပဋိပက္ခဖြစ်စေတဲ့ကိစ္စတွေကို စိတ်ဝင်စားဖို့ မရှိပါဘူး။ ကျမတို့သွားနေတဲ့ လမ်းကြောင်းကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။

စွပ်စွဲမှုတွေနဲ့ တန်ပြန်စွပ်စွဲမှုတွေ ရှိနေတယ်။ ကျွန်မတို့က ဒါတွေ အားလုံးကို နားထောင်ရမယ်။ တစ်ခုခု အရေးယူ မကိုင်တွယ်ခင်မှာ ဒီစွပ်စွဲမှုတွေဟာ ခိုင်မာတဲ့ အထောက်အထားတွေပေါ်မှာ အခြေခံထားတာလား ဆိုတာကို သေချာအောင် ဆန်းစစ်ရမယ်ပြီးတော့ လက်ရှိ ပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့သာ တိုက်ရိုက် သက်ဆိုင်တယ်လို့ ခံယူကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနိုင်ငံမှာ ရှိနေသူတွေမှာသာ တကယ်တမ်း တာဝန်ရှိတယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အားထုတ်ကြိုးစားမှုမှာ မိတ်ဆွေတွေကလည်း လာပူးပေါင်းစေချင်ပါတယ်။ ရှင်တို့ လုံခြုံရေးကို ကျွန်မတို့ တာဝန်ယူပါ့မယ်ဒါ့အပြင် နိုင်ငံတကာ အမြင်မှာ မြန်မာနဲ့ ပတ်သက်ရင် နိုင်ငံတစ်ခုလုံးရဲ့ အနေအထားကို ခြုံကြည့်စေလိုကြောင်း၊ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဧရိယာလေး တစ်ခုလောက်ကိုသာ ကြည့်နေတာမျိုး မဖြစ်စေချင်ကြောင်း၊ “ကျွန်မတို့ဟာ သက်တမ်းနုနယ်ပြီး ထိလွယ်ရှလွယ်ရှိတဲ့ နိုင်ငံတစ်ခုပါ။ ပြဿနာပေါင်း မြောက်မြားစွာကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ဒါတွေ အကုန်လုံးကို ရင်ဆိုင် ကျော်ဖြတ်သွားပါမယ် စကားလုံးတွေနဲ့ဖြစ်စေ၊ လက်နက်တွေနဲ့ဖြစ်စေ၊ ယုတ်စွအဆုံး စိတ်ခံစားချက်တွေနဲ့ဖြစ်စေ အချင်းချင်းရန်လို တိုက်ခိုက်နေခြင်းဟာ ဘာအထောက်အကူမှ မဖြစ်နိုင်ပါဘူး။

မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ ပြသနာတွေနဲ့ပတ်သက်ပြီး ကျမပြောချင်ပါတယ်။ ကျမတို့ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ပါဝင်ပြီး နှစ်ပေါင်းများစွာ ကျမတို့နိုင်ငံ ခံစားနေရတဲ့ သွေးထွက်သံယိုမှုတွေကို ဖြေရှင်းရမယ့် နည်းလမ်းတွေကို ရှာဖွေကြဖို့ ကျမဖိတ်ခေါ်လိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကစလို့ ကျမတို့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စတင်ခဲ့ပါတယ်။ ကျမတို့မှာ အခက်အခဲတွေအများကြီးကြုံရပါတယ်။ ဒီအတွက် မအံ့သြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ရင် အခက်အခဲတွေ ရှိစမြဲဆိုတာ ကျမသိပါတယ်။ တစ်ခါတစ်လေ ဖြစ်စဉ်တွေက ရပ်တန့်သွားမယ်။ တစ်ခါတစ်လေ ဖြစ်စဉ်တွေက လုံးဝတန့်နေမယ်။ တစ်ခါတစ်လေ ကိစ္စအားလုံးက တစ်စစီကိုပြိုလဲကျနေတာမျိုးပေါ့။ အဆုံးသတ်မတော့ ကျမတို့အားလုံးဟာ လက်တွဲပြီး အတူတူ ရှေ့ဆက်ကြရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့တွေဟာ စစ်ပွဲတွေထက် ငြိမ်းချမ်းရေးကို ပိုလိုလားလို့ပါပဲ။ ပဋိပက္ခထက် ဟာမိုနီဖြစ်တာကို လိုချင်ပါတယ်။ ဒါဟာ ကျမတို့မြန်မာပြည်သူပြည်သားတွေအားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လိုက်လျောညီထွေမှုရှိရေးနဲ့ တိုးတက်မှုရှိရေးတွေပါပဲ။

ကျမတို့ရဲ့ မိတ်ဆွေတွေကို ကျမတောင်းဆိုချင်တာကတော့ ကျမတို့လိုလားတဲ့ ရည်မှန်းချက်တွေနဲ့ ကျမတို့ ရင်ဆိုင်နေရတဲ့ ပြသနာတွေကို နာလည်မှုရှိဖို့နဲ့ စာနာမှုရှိဖို့ ဖြစ်ပါတယ်။ ဟန်ချက်ညီဖို့အတွက် အပြုသဘောဆောင်ပြီး မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် နည်းလမ်းအသစ်တွေကို ရှာဖွေဖို့ လိုပါတယ်။ ကျမတို့နိုင်ငံကိုလည်း တစ်ခုလုံးအနေနဲ့ ရှုမြင်စေချင်ပြီး ပြသနာဖြစ်တဲ့ နေရာကွက်ကွက်လေးတစ်ခုကိုပဲ ကြည့်မနေစေချင်ပါဘူး။ တစ်ခုလုံးကို ခြုံပြီးမြင်စေချင်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်နဲ့ နမူနာပြဆိုချင်ပါတယ်။ ကျန်းမာတဲ့သူတစ်ယောက်က တစ်ခုလုံးကို လွှမ်းခြုံပြီး ကျန်းမာရပါမယ်။ နာမကျန်းတဲ့ အစိတ်အပိုင်းလေးတစ်ခုတည်းကို လျစ်လျူရှုပြီး ကျန်းမာနေတယ်လို့ ပြောလို့မရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
စက်တင်ဘာ ၁၉၊ ၂ဝ၁၇ခုနှစ်

Comments

Popular posts from this blog

လှိုဏ်ဂူအတွင်းပိတ်မိ တောဝက်ဘောလုံးအသင်းက ဘောလုံးသမားလေးတွေရဲ့ လက်ရှိ အခြေအနေ

ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နှင့် လိုက်ပါလာသူများကို ရသေ့တောင်တွင် သံပုံးတီး ကန့်ကွက်

မြန်မာနိုင်ငံသားတချို့ရဲ့ ဘဏ်စာရင်း တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်တွေမှာ ပိတ်ခံရ