မူးယစ္ေဆး၀ါးသတင္းအရ သြားေရာက္ရွာေဖြရာ လယ္ေစာင့္တဲအတြင္းမွ ထြက္ေျပးသြားသူထံမွမူးယစ္ေဆး၀ါးမ်ားသိမ္းဆည္းရမိ
မူးယစ္ေဆး၀ါးသတင္းအရ
သြားေရာက္ရွာေဖြရာ လယ္ေစာင့္တဲအတြင္းမွ ထြက္ေျပးသြားသူထံမွမူးယစ္ေဆး၀ါးမ်ားသိမ္းဆည္းရမိ
ခဲ့ေၾကာင္း Mandalay Police
Facebook စာမ်က္တြင္
ေဖၚျပထားပါတယ္။
ေဖၚျပခ်က္
အျပည့္အစုံမွာ ----
မႏၲေလး၊ စက္တင္ဘာ
၅
၄-၉-၂၀၁၇ ရက္ေန႔ နံနက္
၂ နာရီအခ်ိန္ စဥ့္ကုိင္ၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ စဥ့္ကုိင္ၿမိဳ႕နယ္၊
ထန္းသံုးပင္ရြာအ၀င္လမ္းေဘး လူမေနသည့္ လယ္ေစာင့္တဲတြင္ မူးယစ္ေဆး၀ါးသံုးစဲြေရာင္း၀ယ္ေနေၾကာင္းသတင္းအရ
သြားေရာက္ရွာေဖြရာ လယ္ေစာင့္တဲ အတြင္းမွ ထြက္ေျပးသြားသူ ၀င္းသိန္း ၃၆ ႏွစ္၊ သေျပရုိးေက်းရြာ၊
စဥ့္ကုိင္ၿမိဳ႕နယ္ေနသူအား ဖမ္းဆီးရမိၿပီး ၎ထြက္ေျပးစဥ္ လယ္ကြက္မ်ားအတြင္း လႊင့္ပစ္ခဲ့သည့္
ၾကြပ္ၾကြပ္အိတ္ျဖင့္ ထည့္ထားေသာ 88/1
စာတမ္းပါ ပန္းေရာင္စိတ္ၾကြရူးသြပ္ ေဆးျပား ၁၂၀ ျပား၊ အေလးခ်ိန္
၁.၂ ဂရမ္(တန္ဖုိး ၆ သိန္းက်ပ္) အား သိမ္းဆည္းရမိၿပီး ၀င္းသိန္းထံမွ မူးယစ္ေဆး၀ါးေရာင္း/
၀ယ္ရာတြင္ အသံုးျပဳသည့္ လက္ကုိင္ဖုန္း ၁ လံုးႏွင့္ လယ္ေစာင့္တဲအနီးမွ နံပါတ္မပါ Luojia ဆုိင္ကယ္
၁ စီးတုိ႔အားသိမ္းဆည္းရမိသျဖင့္ ၀င္းသိန္း အား စဥ့္ကုိင္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္
စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒအရအမႈဖြင့္အေရးယူထားေၾကာင္း သတင္း ရရိွသည္။
မူးယစ်ဆေးဝါးသတင်းအရ
သွားရောက်ရှာဖွေရာ လယ်စောင့်တဲအတွင်းမှ ထွက်ပြေးသွားသူထံမှမူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ စက်တင်ဘာ
၅
၄-၉-၂၀၁၇ ရက်နေ့ နံနက်
၂ နာရီအချိန် စဉ့်ကိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ စဉ့်ကိုင်မြို့နယ်၊
ထန်းသုံးပင်ရွာအဝင်လမ်းဘေး လူမနေသည့် လယ်စောင့် တဲတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေကြောင်းသတင်းအရ
သွားရောက်ရှာဖွေရာ လယ်စောင့်တဲ အတွင်းမှ ထွက်ပြေးသွားသူ ဝင်းသိန်း ၃၆ နှစ်၊ သပြေရိုးကျေးရွာ၊
စဉ့်ကိုင်မြို့နယ်နေသူအား ဖမ်းဆီးရမိပြီး ၎င်းထွက်ပြေးစဉ် လယ်ကွက်များအတွင်း လွှင့်ပစ်ခဲ့သည့်
ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော 88/1
စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၂၀ ပြား၊ အလေးချိန်
၁.၂ ဂရမ်(တန်ဖိုး ၆ သိန်းကျပ်) အား သိမ်းဆည်းရမိပြီး ဝင်းသိန်းထံမှ မူးယစ်ဆေးဝါးရောင်း/
ဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁ လုံးနှင့် လယ်စောင့်တဲအနီးမှ နံပါတ်မပါ Luojia ဆိုင်ကယ်
၁ စီးတို့အားသိမ်းဆည်းရမိသဖြင့် ဝင်းသိန်း အား စဉ့်ကိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
Comments
Post a Comment