နိုင်ငံတကာက ဖိအားပေးနေမှုတွေကို ကြောက်ရွံ့နေမှာ မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာအစိုးရဲ့
အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့
နိုင်ငံတကာရဲ့ စေ့စေ့စပ်စပ် ဖိအားပေးမှုတွေကို ကြောက်ရွှံ့နေမှာ မဟုတ်ဘူး ဒီကနေ့မှာ
ပြောပါတယ်။
ရခိုင်အရေးနဲ့
ပတ်သက်လို့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာ သံတမန်တွေကို ဖိတ်ကြားပြီး
နေပြည်တော်မှာ ရခိုင်အရေးနဲ့ သက်ဆိုင်တဲ့ အစိုးရရဲ့ ဖြေရှင်းဆောင်ရွက်နေမှုတွေနဲ့ ပြင်ဆင်ထားမှုအပေါ်
အခြေပြုတဲ့ မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောဆိုတာပါ။
လူ့အခွင့်အရေးချိုးဖောက်မှု
မှန်သမျှကိုတော့ ရှုတ်ချကြောင်း ပြောဆိုပြီး ရခိုင်တပြည်နယ်လုံးရဲ့ ပြန်လည်ထူထောင်ရေးနဲ့
တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ရခိုင်နဲ့
မွတ်ဆလင်အသိုင်းဝိုင်းနှစ်ခုထဲအတွက်ပဲ လူ့အခွင့်အရေးက အရေးကြီးတာမဟုတ်သလို တခြား ဒိုင်းနက်
၊ မြို ၊ သက် ၊ မရမာကြီး စတဲ့ မျိုးနွယ်စု တိုင်းရင်းသားတွေလည်း ရှိသေးတဲ့အတွက် သူတို့ကိုလည်း
အကာအကွယ်ပေးဖို့ လိုတယ် သူတို့တွေလည်း ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မွတ်ဆလင်တွေ
သိန်းနဲ့ချီ ထွက်ပြေးနေတယ်လို့ သတင်းတွေက ဆိုပေမဲ့ မွတ်ဆလင် ၅၀ ရာခိုင်နှုန်းကျော်ဟာ
ပဋိပက္ခဇုံထဲမှာပဲ နေထိုင်နေကြဆဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာက
လေ့လာသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုတဲ့ အဲဒီအချက်အပေါ် ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့
တဘက်နိုင်ငံထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်စိစစ် လက်ခံမယ်လို့ ပြန်လည်စိစစ်လုပ်ငန်းစတင်ဖို့
ဘယ်အချိန်မှာ မဆို အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မီးလောင်ထားတဲ့
အိမ်တွေ ထွက်ပြေးနေကြမှုတွေကို ကမ္ဘာအနံ့က မိတ်ဆွေတွေအနေနဲ့ ကြည့်ပြီး စိုးရိမ်ပူပန်မယ်ဆိုတာ
နားလည်သော်လည်း စက်တင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း နယ်မြေရှင်းလင်းမှုနဲ့ ပဋိပက္ခတွေက မရှိတော့ဘူးလို့
ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။ အရေးယူးမှုတွေ မလုပ်ခင်မှာ နှစ်ဘက် အပြန်အလှန် စွပ်စွဲမှုတွေအတွက်
နားထောင်ဖို့ လိုအပ်သလို အဲဒီလို စွပ်စွဲမှုတွေဟာ အရေးယူမှု ပြုလုပ်နိုင်ဖို့အတွက် ခိုင်မာတဲ့
အထောက်အထားတွေ ရှိနေဖို့လည်း လိုတယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂရဲ့
လူ့အခွင့်အရေး ဆိုင်ရာ အရာရှိကတော့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့
ဆောင်ရွက်မှုတွေဟာ မျိုးနွယ်စု မျိုးသုဉ်းရေးအတွက် ဆောင်ရွက်နေတဲ့ပုံနဲ့ တူညီနေတယ်လို့
ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့
သူမအစိုးရရဲ့ သက်တမ်းက ၁၈ လ ဆိုတာ နုနယ်သေးတဲ့အတွက် အခက်အခဲနဲ့ စိန်ခေါ်မှုတွေ အားလုံးကို
ကျော်လွှားနိုင်ဖို့ မလွယ်တဲ့အကြောင်းလည်း ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်က
ပြဿနာတွေကို ဖြေရှင်းရာမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့
ကော်မရှင်ရဲ့ အစီရင်ခံစာကို လက်ခံဆောင်ရွက်သွားမှာဖြစ်သလို ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက်
ဆောင်ရွက်ရာမှာ နိုင်ငံတကာကပါ ပူးပေါင်းပါဝင်ဖို့လည်း သူမက ဖိတ်ခေါ်ပါတယ်။
မနှစ်က
တိုက်ခိုက်မှုအပြီးမှာ ၇ လောက်က တော်တော်တည်ငြိမ်ခဲ့တယ် သြဂုတ် ၂၅ တိုက်ခိုက်မှုအပြီး
ARSA နဲ့
သူတို့ကို အားပေးသူတွေကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူမယ်လို့ ကြေငြာခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်သည်ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ ညွန်ကြားခဲ့သလို
အရပ်သားတွေကို ထိခိုက်မှု မရှိအောင်ပါ ညွှန်ကြားခဲ့တယ်လို့ ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
လူထုခေါင်းဆောင်၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
စက်တင်ဘာ
၁၉၊ ၂ဝ၁၇ခုနှစ်
Comments
Post a Comment