ယာခင္းထဲ၌ အမ်ိဳးသမီး(၂)ဦး မိုးႀကိဳးပစ္ခံရ (၁)ဦးေသဆုံးမွုျဖစ္ပြား




ယာခင္းထဲ၌ အမ်ိဳးသမီး(၂)ဦး မိုးႀကိဳးပစ္ခံရ (၁)ဦးေသဆုံးမွုျဖစ္ပြား


မေကြး၊ စက္တင္ဘာ ၈


ယာခင္းထဲ၌ အမ်ိဳးသမီး(၂)ဦး မိုးႀကိဳးပစ္ခံရ (၁)ဦးေသဆုံးမွုျဖစ္ပြား ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ေဖၚျပထား

ေဖၚျပခ်က္ အျပည့္အစုံမွာ -----
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၄၀ မိနစ္အခ်ိန္ မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္၊ ေလ်ာင္းေတာ္ဦးေက်းရြာတြင္ အမ်ိဳးသမီး(၂)ဦး မိုးႀကိဳးပစ္ခံရ၍ သတိလစ္ေနေၾကာင္း သတင္းအရ ယင္းရဲကင္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆး ခဲ့ရာ အဆိုပါေက်းရြာ၏ ေျမာက္ဘက္ရွိ ဦးညိဳမင္းေဝ၏ ယာခင္းအတြင္း၌ ႏွမ္းခါအလုပ္သမားမ်ား ျဖစ္သည့္ မသႏၲာေအး(၃၈)ႏွစ္ႏွင့္ မေအးမင္း(၄၅)ႏွစ္တို႔သည္ ႏွမ္းခါေနစဥ္ မိုးႀကိဳးပစ္ခံရ၍ ႏွစ္ဦးစလုံးသတိလစ္ေမ့ေမ်ာေနသည္ကို ေတြ႕ရွိသျဖင့္ မေကြးေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးၿပီး မေအးမင္း မွာ ေဆးကုသေနစဥ္ ေသဆုံးသြားသျဖင့္ မေကြးနယ္ေျမရဲစခန္း၌ ေသမွုေသခင္း အမွတ္စဥ္ (၇/၂၀၁၇)ျဖင့္ အမွုေရးဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Credit to: မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
References Link: https://www.facebook.com/magway.div.polmedia/

ယာခင်းထဲ၌ အမျိုးသမီး(၂)ဦး မိုးကြိုးပစ်ခံရ (၁)ဦးသေဆုံးမှုဖြစ်ပွား
မကွေး၊ စက်တင်ဘာ ၈
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ လျောင်းတော်ဦးကျေးရွာတွင် အမျိုးသမီး(၂)ဦး မိုးကြိုးပစ်ခံရ၍ သတိလစ်နေကြောင်း သတင်းအရ ယင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါကျေးရွာ၏ မြောက်ဘက်ရှိ ဦးညိုမင်းဝေ၏ ယာခင်းအတွင်း၌ နှမ်းခါအလုပ်သမားများ ဖြစ်သည့် မသန္တာအေး(၃၈)နှစ်နှင့် မအေးမင်း(၄၅)နှစ်တို့သည် နှမ်းခါနေစဉ် မိုးကြိုးပစ်ခံရ၍ နှစ်ဦးစလုံးသတိလစ်မေ့မျောနေသည်ကို တွေ့ရှိသဖြင့် မကွေးဆေးရုံသို့ ကူညီပို့ဆောင်ပေးပြီး မအေးမင်း မှာ ဆေးကုသနေစဉ် သေဆုံးသွားသဖြင့် မကွေးနယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၇)ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit to: မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕

References Link: https://www.facebook.com/magway.div.polmedia/

Comments

Popular posts from this blog

၂၀၁၇ အကယ္ဒမီဆုရရွိသူမ်ား

ပုပ္ရဟန္းမင္းႀကီး မဟနနဲ႔ ေတ႔ြဆံုမည္