တပ်မတော် လေတပ် G-4 ဂျက်လေယာဉ်တစ်စီး လေ့ကျင့်စဉ် ပျောက်ဆုံး



လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် ၁ စီး ပျောက်ဆုံးသည့်နေရာပြ မြေပုံ
Photo Credit: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်


တပ်မတော် လေတပ် G-4 ဂျက်လေယာဉ်တစ်စီး လေ့ကျင့်စဉ် ပျောက်ဆုံး


ပြည်တွင်း၊ စက်တင်ဘာ ၅၊ ၂၀၁၇


လေတပ်က G-4 ဂျက်လေယာဉ်တစ်စီးဟာ ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ဒီနေ့ ပျံသန်းလေ့ကျင့် စဉ် ပျောက်ဆုံးသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

G-4 ဂျက်လေယာဉ် ၃ စီးဟာ ပုသိမ်လေဆိပ်မှာ စတင်ပျံသန်းလေ့ကျင့်ရာ အဲဒီထဲက လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက် မောင်းနှင်တဲ့ G-4 ဂျက်လေယာဉ်ဟာ မနက် ၉ နာရီ ၁၈ မိနစ်မှာ ပုသိမ်မြို့နဲ့ ၃၆ မိုင်ခန့် အကွာမှာ နောက်ဆုံးအဆက်အသွယ်ရရှိပြီးနောက် ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


ပျောက်ဆုံးနေတဲ့ G-4 ဂျက်လေယာဉ်ကို မြေပြင်တပ်တွေနဲ့ လေတပ်က လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်းလည်း ပါရှိပါတယ်။

Comments

Popular posts from this blog

၂၀၁၇ အကယ်ဒမီဆုရရှိသူများ

ပုပ်ရဟန်းမင်းကြီး မဟနနဲ့ တွေ့ဆုံမည်