မြန်မာနိုင်ငံသားတချို့ရဲ့ ဘဏ်စာရင်း တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်တွေမှာ ပိတ်ခံရ
မြန်မာနိုင်ငံသားတချို့ရဲ့ ဘဏ်စာရင်း ပိတ်ခံရကြောင်း လွတ်လပ်တဲ့ အာရှအသံ သတင်းမှာ အောက်တိုဘာ ၂၁၊ ၂၀၁၇ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။ ၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ---- အွန်လိုင်းပေါ်ကတဆင့် လောင်းကစားလုပ်သူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ မြန်မာနိုင်ငံ သားတချို့ရဲ့ တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်စာရင်းတွေကို တရုတ်အစိုးရက အောက်တိုဘာလ ၁၈ ရက်နေ့က စပြီးပိတ်သိမ်းလိုက်တယ်လို့ မူဆယ်မြို့က ဆန်ကုန်သည်တစ်ယောက်ဖြစ်တဲ့ ဦးမင်းသိန်းက ပြောပါတယ်။ ဘဏ်စာရင်း အပိတ်ခံလိုက်ရသူတွေဟာ လောင်းကစား လုပ်သူတွေ မဟုတ်ပေမယ့် လောင်းကစားသမားတွေ ရဲ့ငွေတွေ သူတို့ဘဏ်စာရင်းထဲ ၀င်လာတဲ့အတွက် အခုလို စာရင်းပိတ်ခံရတာဖြစ်တယ်လို့ ဦးမင်းသိန်းက ရှင်းပြပါတယ်။ " အဲဒီ ငွေလဲသမားတွေကတော့ သူတို့က လောင်းကစားလုပ်တာမဟုတ်ဘူးလေ။ လောင်းကစားသမားတွေ ကနေပြီးတော့ ပတ်သက်ပြီးတော့ တစ်ဆင့်တစ်ဆင့်နဲ့ အွန်လိုင်းကနေပြီးတော့ လောင်းကစား လုပ်တဲ့သူတွေနဲ့ သွားငြိတယ်ပြောတယ်။ လောင်းကစားသမားတွေရဲ့ အကောင့်ကို လိုက်ပိတ်ရင်းနဲ့ သူတို့အကောင့်ပါ အပိတ်ခံလိုက်ရတာ။ အဲဒီလိုဖြစ်သွားတာ။ ငွေလဲသမားတွေက လောင်းကစားသမားတွေရဲ့ ပိုက်ဆံတေ...