မြန်မာနိုင်ငံသားတချို့ရဲ့ ဘဏ်စာရင်း တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်တွေမှာ ပိတ်ခံရ




မြန်မာနိုင်ငံသားတချို့ရဲ့ ဘဏ်စာရင်း ပိတ်ခံရကြောင်း လွတ်လပ်တဲ့ အာရှအသံ သတင်းမှာ အောက်တိုဘာ ၂၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----


အွန်လိုင်းပေါ်ကတဆင့် လောင်းကစားလုပ်သူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ မြန်မာနိုင်ငံ သားတချို့ရဲ့ တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်စာရင်းတွေကို တရုတ်အစိုးရက အောက်တိုဘာလ ၁၈ ရက်နေ့က စပြီးပိတ်သိမ်းလိုက်တယ်လို့ မူဆယ်မြို့က ဆန်ကုန်သည်တစ်ယောက်ဖြစ်တဲ့ ဦးမင်းသိန်းက ပြောပါတယ်။

ဘဏ်စာရင်း အပိတ်ခံလိုက်ရသူတွေဟာ လောင်းကစား လုပ်သူတွေ မဟုတ်ပေမယ့် လောင်းကစားသမားတွေ ရဲ့ငွေတွေ သူတို့ဘဏ်စာရင်းထဲ ၀င်လာတဲ့အတွက် အခုလို စာရင်းပိတ်ခံရတာဖြစ်တယ်လို့ ဦးမင်းသိန်းက ရှင်းပြပါတယ်။

"အဲဒီ ငွေလဲသမားတွေကတော့ သူတို့က လောင်းကစားလုပ်တာမဟုတ်ဘူးလေ။ လောင်းကစားသမားတွေ ကနေပြီးတော့ ပတ်သက်ပြီးတော့ တစ်ဆင့်တစ်ဆင့်နဲ့ အွန်လိုင်းကနေပြီးတော့ လောင်းကစား လုပ်တဲ့သူတွေနဲ့ သွားငြိတယ်ပြောတယ်။ လောင်းကစားသမားတွေရဲ့ အကောင့်ကို လိုက်ပိတ်ရင်းနဲ့ သူတို့အကောင့်ပါ အပိတ်ခံလိုက်ရတာ။ အဲဒီလိုဖြစ်သွားတာ။ ငွေလဲသမားတွေက လောင်းကစားသမားတွေရဲ့ ပိုက်ဆံတော့ မဟုတ်ဘူးလေ။ ဒါပေသိ အပြင်ကသွင်းတော့ ဘယ်သူသွင်းမှန်း သူတို့မသိဘူးလေ။ မသိတော့ လောင်းကစား သမား ပိုက်ဆံတွေက သူတို့ထဲကို စီးဝင်လာတာ"

အပိတ်ခံလိုက်ရတဲ့ ဘဏ်စာရင်း  ၃ ခုရှိတယ်လို့ သိထားကြောင်းနဲ့ အဲဒီစာရင်းထဲက ငွေပမာဏကိုတော့ မသိရကြောင်း ပြောပါတယ်။

အဲဒီ ဘဏ်စာရင်းတွေ အပိတ်ခံရပေမယ့် နယ်စပ်ကုန်သွယ်ရေးကို မထိခိုက်ဘူးလို့ မူဆယ်မြို့က ကုန်သည်အချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေတုန်းကလည်း မြန်မာနိုင်ငံသားကုန်သည်တွေရဲ့ ဘဏ်စာရင်း ၁၃၀ ကျော်ကို တရုတ်အစိုးရဘက်က ပိတ်ခဲ့ဖူးပါတယ်။

အဲဒီနောက် အများစုကို ဇွန်လ ၂၃ ရက်နေ့မှာ တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပါတယ်။

This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 21, 2017 of လွတ်လပ်တဲ့ အာရှအသံ Web-Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: http://www.rfa.org/burmese/news/trade-bank-account-close-10212017074622.html


Retrieved Date: 21/10/2017

Comments

Popular posts from this blog

လှိုဏ်ဂူအတွင်းပိတ်မိ တောဝက်ဘောလုံးအသင်းက ဘောလုံးသမားလေးတွေရဲ့ လက်ရှိ အခြေအနေ

ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နှင့် လိုက်ပါလာသူများကို ရသေ့တောင်တွင် သံပုံးတီး ကန့်ကွက်

၂၀၁၇ အကယ်ဒမီဆုရရှိသူများ