အဆိုတော်ချမ်းချမ်း အမျိုးသားဖြစ်သူ ဘုဏ်းသိုက် နဲ့ ဘာကြောင့် ကွာရှင်းခွင့်တောင်းသလဲ
အဆိုတော် ချမ်းချမ်းက အမျိုးသားဖြစ်သူ ဘုဏ်းသိုက် နဲ့ ကွာရှင်းတဲ့ သတင်းတွေဟာ ယနေ့ သတင်းစာမှာပါလာအပြီးမှာ လူမှုကွန်ယက်ကြားမှာသို့ လော သို့ လော ဖြင့်ယောက်ယက်ခတ်သွားပါတယ်။ ဘုဏ်းသိုက် အားမီဒီယာများက ဆက်သွယ်မေးမြန်းထားတဲ့ ဗီဒီယိုတွေ ထွက်လာပေမယ့်အကြောင်းရင်းကို မသိရပဲ ချမ်းချမ်းကတော့ မီဒီယာ တွေကို ဖြေရှင်းဖို့ ငြင်းဆိုအပြီး ညပိုင်းမှာတော့သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ အကြောင်းရင်းကို ရင်ဖွင့်ထားပါတယ်။ ချမ်းချမ်းကတော့ နောက်ကွယ်မှာ ဘုဏ်းသိက် နဲ့ မော်ဒယ် သရုပ်ဆောင် တဦးတွဲနေကြတာကြောင့်လို့ ရည်ညွှန်းပြောဆိုသွားပြီး မည်သူမည်ဝါ မရေးထားပဲ ညီမလေးလို့ သာသုံးနှုံးထားပါတယ်။ ချမ်းချမ်း ရဲ့ စာမှာ ကျမ ရဲ့မိသားစုလေး ပြိုကွဲသွားပြီ ၊ အကြိမ်ကြိမ် အခါခါ ကြိုးစားနေခဲ့ပေမယ့်ကိုယ့်အပေါ်ဟန်ဆောင်မှုတွေပဲရနေမှတော့။ ဒီအိမ်ထောင်ရေးဟာဆက်ကြိုးစားလဲ အပြတ်ပြတ်နဲ့ ပျော်စရာမကောင်းနိုင်တော့ဘူး အစချီကာဖြစ်ကြောင်းကုန်စင်ကို ရေးထားပါတယ်။ ချမ်းချမ်းရေးထားတဲ့ စာကို အောက်ပါ အတိုင်း Myanmar Beauty Stars Facebook ( https://www.facebook.com/1812047055780064/photos/pcb.2048020935516007/2048020838849350/?type=3...