ဒေါ်အောင်ဆန်းစုကြည်ကို ကက်သလစ် ဂိုဏ်းချုပ် ထောက်ခံ
ဒေါ်အောင်ဆန်းစုကြည်ကို ကက်သလစ်
ဂိုဏ်းချုပ် ထောက်ခံ ခဲ့ ကြောင်း လွတ်လပ်တဲ့ အာရှအသံ သတင်းမှာ ၁၈၊ ၁၁၊၂၀၁၇
နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက်
အပြည့်အစုံမှာ ----
မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ်
Cardinal Charles
Maung Bo ကာဒီနယ်လ် ချားလ်စ် မောင်ဘိုက ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့လုပ်ဆောင်ချက်တွေနဲ့
ပတ်သက်ပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ကုလသမဂ္ဂခေါင်းဆောင်တွေ၊
အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ တခြား နိုဘယ်လ်ဆုရှင်တချို့က ဝေဖန်ပြစ်တင်နေကြတာတွေဟာ တရားမျှတမှုမရှိကြောင်းနဲ့
Ethnic Cleansing လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်သုံးနှုန်းခြင်းအားဖြင့်
အကျိုးမရှိနိုင်ကြောင်း၊ အဲဒီလိုသုံးနှုန်းရန် အချက်အလက် ပြည့်စုံလုံလောက်ခြင်းလည်း
မရှိကြောင်း မနေ့က မိန့်ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို လာမယ့် ၂၆
ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လာရောက်လည်ပတ်ဖို့ ရှိနေစဉ်အတွင်း သူကအခုလို
ပြောဆိုခဲ့တာပါ။ မြန်မာပြည်ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့
အသုံးအနှုန်းကို ရှောင်ရှားဖို့လည်း ကာဒီနယ်လ် ချားလ်စ် မောင်ဘိုက မကြာခင်က တိုက်တွန်းခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာပြည်နဲ့
ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးက ဗီဒီယိုတစ်ခု မနေ့က ထုတ်ပြန် မိန့်ကြားခဲ့ရာမှာ ရိုဟင်ဂျာနဲ့
ပဋိပက္ခဆိုတဲ့အသုံးအနှုန်းတွေ ပါဝင်ခြင်းမရှိဘဲ ပြန်လည်ရင်ကြားစေ့ရေး၊ ခွင့်လွတ်ခြင်းနဲ့
ငြိမ်းချမ်းရေးဆိုတဲ့ ဆုတောင်းစကားတွေပဲ ပါဝင်ပါတယ်။ ဒါ့အပြင် ကျားမ မဟူ လူသားအားလုံးရဲ့
ဂုဏ်သိက္ခာကို တန်ဖိုးထားဖို့၊ တခြားသူများ အထူးသဖြင့် အဆင်းရဲဆုံးနဲ့ ကူညီမှုအလိုအပ်ဆုံးသူများအတွက်
ကျွန်နုပ်တို့၏ နှလုံးသားများကို ဖွင့်လှစ်ဖို့ ယေရှုခရစ်တော်က မိန့်မှာခဲ့ကြောင်းစသဖြင့်
ပါရှိပါတယ်။
ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လုယက် သတ်ဖြတ် မီးရှို့စတဲ့ လုပ်ရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
စောစောပိုင်းကာလကတည်းက ထုတ်ဖေါ်ပြောကြားခဲ့သင့်ကြောင်းနဲ့ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကို
အစိုးရတပ်ဖွဲ့တွေက တုံ့ပြန်ရာမှာ မမျှမတပြုမူခဲ့ကြောင်း မိန့်ပါတယ်။
တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
တပ်မတော်ကို တစ်စုံတရာ ပြောဆိုနိုင်စွမ်းမရှိကြောင်း၊ အစိုးရနဲ့ စစ်တပ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်ဟာ သူမနည်း သူမဟန်နဲ့ ပါးနပ်ကျွမ်းကျင်စွာ ညှိနိုင်းဆွေးနွေးတဲ့နည်းကို
အသုံးပြုနေကြောင်းလည်း ကာဒီနယ် ဘို က ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်မှာ ကိုယ်တိုင်ချမှတ်ပြီးသား အစီအစဉ်ရှိတယ်ဆိုတာကို အချိန်ကာလက သက်သေပြပါလိမ့်မယ်လို့လည်း
ကက်သလစ်ဂိုဏ်းချုပ် Cardinal
Charles Maung Bo ကာဒီနယ်လ် ချားလ်စ် မောင်ဘိုက မိန့်ကြားခဲ့ပါတယ်။
This article first appears in လွတ်လပ်တဲ့ အာရှအသံ news on November 18, 2017 of လွတ်လပ်တဲ့
အာရှအသံ Facebook Page.
We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့
အာရှအသံ.
We are nonprofits volunteers and
we only retrieved this news to support all communities from Myanmar who do not
know how to get access the news and have no luxuries Medias and only have a
phone in theirs hands.
Reference Link: https://www.facebook.com/rfaburmese/
Retrieved Date: 18/11/2017
Comments
Post a Comment