Posts


Image
ပိတ်မိ ကလေးငယ်တွေ ဂူပြင်ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ် ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာတော့ ထမ်လွန်ဂူထဲမှာပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းက ဘောလုံးသမားလေးတွေနဲ့ နည်းပြကို ကယ်ထုတ်နိုင်ဖို့ကို ဂူထဲကရေတွေ စုပ်ထုတ်တာကို အင်တိုက်အားတိုက်ဆက်လက်လုပ်ဆောင်နေသလို ကလေးတွေ ကို ရေငုပ်သင်ပေးတာကိုလည်း လုပ်နေတယ်လို့သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ရာသီဥတုလည်းသာယာနေတာမို့ ဂူထဲကရေတွေ လျော့ကျသွားဖို့ကိုလည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။ ဇူလိုင် ၄ ရက်နေ့ ညနေ ၆နာရီကျော်က နည်းပြနဲ့ ဘောလုံးသမားလေးတွေပိတ်မိနေတဲ့ လှိုဏ်ဂူကို မိုင်ဖုန်း ဆရာတော် တတိယအကြိမ်မြောက်ကြွရောက်လာခဲ့ပြီး လှိုဏ်ဂူထဲထိဝင်ကာ ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။ ပိတ်မိနေတဲ့ ဘောလုံးသမားလေးတွေနဲ့ နည်းပြကို လှိုဏ်ဂူထဲက ရေငုပ်ပြီး ကယ်ထုတ်ဖို့နည်းလမ်းနဲ့ ဂူထဲကရေတွေလျော့ကျတဲ့အချိန်မှ ကယ်ထုတ်လာဖို့နည်းလမ်း ၂ခုလုံးကို ကြိုးစားနေဆဲဖြစ်ပြီး အဓိကကတော့ ဘေးအန္တရာယ်အကင်းဆုံးဖြစ်အောင်ကယ်ထုတ်နိုင်ဖို့ကိုကြိုးစား နေတယ်လို့သိရပါတယ်။ Unicode လှိုဏ်ဂူအတွင်းပိတ်မိ တောဝက်ဘောလုံးအသင်းက ဘောလုံးသမားလေးတွေရဲ့ လက်ရှိ အခြေအနေ ပိတ်မိ ကလေးငယ်တွေ ဂူပြင...

၂၀၁၇ အကယ္ဒမီဆုရရွိသူမ်ား

Image
၂၀၁၇ အကယ်ဒမီဆုရရှိသူများ အမျိုးသား ဇာတ်ဆောင်ဆု - နေတိုး (တာတေကြီး) အမျိုးသမီး ဇာတ်ဆောင်ဆု - အိန္ဒြာကျော်ဇင် (ရင်ဘတ်ထဲက ဓါး) အမျိုးသားဇာတ်ပို့ဆု(ကျား) - မြင့်မြတ် (အမှောင်တွေ ရွာချတဲ့ မိုးတိမ်) အမျိုးသမီးဇာတ်ပို့ဆု - ပိုင်ဖြိုးသု (သရဲမ၊ ဘီလူးမနဲ့ မိန်းမပျို) ဒါရိုက်တာဆု - စင်ရော်မောင်မောင် (ထာဝရအမေ) ဇာတ်ညွှန်းဆု - ဝိုင်း (ရင်ဘတ်ထဲကဓား) ဝတ္ထု လမင်းမိုမို တသက်တာ ရုပ်ရှင်ထူးချွန်ဆု - ဗိုလ်ကလေး တင့်အောင် ဇာတ်ကားဆု - နေခြည်မှာရွှေရည်လောင်း (မင်္ဂ္လာဇော် ရုပ်ရှင်ထုတ်လုပ်ရေး) ဝတ္ထု - လယ်တွင်းသားစောချစ်၊ ဒါရိုက်တာ ဇော်မြင့်ဦး တေးဂီတဆု - စန္ဒရား တင်ဝင်းလှိုင် (ကွမ်းလုံ ရက် ၄၀ ) ရုပ်ရှင်အသံဆု - သိန်းအောင် (ထာဝရအမေ) တည်းဖြတ်ဆု - အိုဝင် (ထာဝရအမေ) ဓာတ်ပုံဆု - ကျောက်ဖြူ ပဒေသာ ကိုနေဝင်း (သရဲမ၊ ဘီလူးမနဲ့ မိန်းမပျို) Unicode ၂၀၁၇ အကယ်ဒမီဆုရရှိသူများ အမျိုးသား ဇာတ်ဆောင်ဆု - နေတိုး (တာတေကြီး) အမျိုးသမီး ဇာတ်ဆောင်ဆု - အိန္ဒြာကျော်ဇင် (ရင်ဘတ်ထဲက ဓါး) အမျိုးသားဇာတ်ပို့ဆု(ကျား) - မြင့်မြတ် (အမှောင်တွေ ရွာချတဲ့ မိုးတိမ်) အမျိုးသမီးဇာတ်ပို့ဆု - ပိုင်ဖြိုးသု (သရဲမ၊ ...

ဆက်သွယ်ရန်

ပြန်လည်ဆက်သွယ်ပါမယ်၊ ပြန်လည်ဆက်သွယ်ရန် သင့်လိပ်စာကို comments တွင် ထားခဲ့ပါ

အဆိုတော်ချမ်းချမ်း အမျိုးသားဖြစ်သူ ဘုဏ်းသိုက် နဲ့ ဘာကြောင့် ကွာရှင်းခွင့်တောင်းသလဲ

Image
အဆိုတော် ချမ်းချမ်းက အမျိုးသားဖြစ်သူ ဘုဏ်းသိုက် နဲ့ ကွာရှင်းတဲ့ သတင်းတွေဟာ ယနေ့ သတင်းစာမှာပါလာအပြီးမှာ လူမှုကွန်ယက်ကြားမှာသို့ လော သို့ လော ဖြင့်ယောက်ယက်ခတ်သွားပါတယ်။ ဘုဏ်းသိုက် အားမီဒီယာများက ဆက်သွယ်မေးမြန်းထားတဲ့ ဗီဒီယိုတွေ ထွက်လာပေမယ့်အကြောင်းရင်းကို မသိရပဲ ချမ်းချမ်းကတော့ မီဒီယာ တွေကို ဖြေရှင်းဖို့ ငြင်းဆိုအပြီး ညပိုင်းမှာတော့သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ အကြောင်းရင်းကို ရင်ဖွင့်ထားပါတယ်။ ချမ်းချမ်းကတော့ နောက်ကွယ်မှာ ဘုဏ်းသိက် နဲ့ မော်ဒယ် သရုပ်ဆောင် တဦးတွဲနေကြတာကြောင့်လို့ ရည်ညွှန်းပြောဆိုသွားပြီး မည်သူမည်ဝါ မရေးထားပဲ ညီမလေးလို့ သာသုံးနှုံးထားပါတယ်။ ချမ်းချမ်း ရဲ့ စာမှာ ကျမ ရဲ့မိသားစုလေး ပြိုကွဲသွားပြီ ၊ အကြိမ်ကြိမ် အခါခါ ကြိုးစားနေခဲ့ပေမယ့်ကိုယ့်အပေါ်ဟန်ဆောင်မှုတွေပဲရနေမှတော့။ ဒီအိမ်ထောင်ရေးဟာဆက်ကြိုးစားလဲ အပြတ်ပြတ်နဲ့ ပျော်စရာမကောင်းနိုင်တော့ဘူး အစချီကာဖြစ်ကြောင်းကုန်စင်ကို ရေးထားပါတယ်။ ချမ်းချမ်းရေးထားတဲ့ စာကို အောက်ပါ အတိုင်း  Myanmar Beauty Stars Facebook (  https://www.facebook.com/1812047055780064/photos/pcb.2048020935516007/2048020838849350/?type=3...

ဒေါ်အောင်ဆန်းစုကြည်ကို ကက်သလစ် ဂိုဏ်းချုပ် ထောက်ခံ

Image
ဒေါ်အောင်ဆန်းစုကြည်ကို ကက်သလစ် ဂိုဏ်းချုပ် ထောက်ခံ ခဲ့ ကြောင်း လွတ်လပ်တဲ့ အာရှအသံ သတင်းမှာ ၁၈ ၊ ၁၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။ ၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ---- မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် Cardinal Charles Maung Bo ကာဒီနယ်လ် ချားလ်စ် မောင်ဘိုက ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ကုလသမဂ္ဂခေါင်းဆောင်တွေ၊ အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ တခြား နိုဘယ်လ်ဆုရှင်တချို့က ဝေဖန်ပြစ်တင်နေကြတာတွေဟာ တရားမျှတမှုမရှိကြောင်းနဲ့ Ethnic Cleansing လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်သုံးနှုန်းခြင်းအားဖြင့် အကျိုးမရှိနိုင်ကြောင်း၊ အဲဒီလိုသုံးနှုန်းရန် အချက်အလက် ပြည့်စုံလုံလောက်ခြင်းလည်း မရှိကြောင်း မနေ့က မိန့်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကို လာမယ့် ၂၆ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လာရောက်လည်ပတ်ဖို့ ရှိနေစဉ်အတွင်း သူကအခုလို ပြောဆိုခဲ့တာပါ။ မြန်မာပြည်ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ရှားဖို့လည်း ကာဒီနယ်လ် ချားလ်စ် မောင်ဘိုက မကြာခင်က တိုက်တွန်းခဲ့ပါတယ်။ ဒ...

ပုပ်ရဟန်းမင်းကြီး မဟနနဲ့ တွေ့ဆုံမည်

Image
ပုပ်ရဟန်းမင်းကြီး မဟနနဲ့ တွေ့ဆုံမည် ဖြစ် ကြောင်း လွတ်လပ်တဲ့ အာရှအသံ သတင်းမှာ ၁၈၊ ၁၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။ ၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ---- ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံကို ကြွရောက်မယ့် အချိန်အတွင်း နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံမယ့် အချိန်နဲ့ နေရာအသေးစိတ်အချက်အလက်ကို မကြာခင်မှာ ထပ်ပြီးထုတ်ပြန်သွားမယ်လို့ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဒီနေ့ ပြောပါတယ်။ ပုပ်ရဟန်းမင်းနဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့တို့ တွေ့ဆုံချိန်မှာ ကမ္ဘာ့ငြိမ်းချမ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ကြမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ကြွရောက် မှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးဟာ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာဖြစ်တဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖိ...

မြန်မာနိုင်ငံသားတချို့ရဲ့ ဘဏ်စာရင်း တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်တွေမှာ ပိတ်ခံရ

Image
မြန်မာနိုင်ငံသားတချို့ရဲ့ ဘဏ်စာရင်း ပိတ်ခံရကြောင်း လွတ်လပ်တဲ့ အာရှအသံ သတင်းမှာ အောက်တိုဘာ ၂၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။ ၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ---- အွန်လိုင်းပေါ်ကတဆင့် လောင်းကစားလုပ်သူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ မြန်မာနိုင်ငံ သားတချို့ရဲ့ တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်စာရင်းတွေကို တရုတ်အစိုးရက အောက်တိုဘာလ ၁၈ ရက်နေ့က စပြီးပိတ်သိမ်းလိုက်တယ်လို့ မူဆယ်မြို့က ဆန်ကုန်သည်တစ်ယောက်ဖြစ်တဲ့ ဦးမင်းသိန်းက ပြောပါတယ်။ ဘဏ်စာရင်း အပိတ်ခံလိုက်ရသူတွေဟာ လောင်းကစား လုပ်သူတွေ မဟုတ်ပေမယ့် လောင်းကစားသမားတွေ ရဲ့ငွေတွေ သူတို့ဘဏ်စာရင်းထဲ ၀င်လာတဲ့အတွက် အခုလို စာရင်းပိတ်ခံရတာဖြစ်တယ်လို့ ဦးမင်းသိန်းက ရှင်းပြပါတယ်။ " အဲဒီ ငွေလဲသမားတွေကတော့ သူတို့က လောင်းကစားလုပ်တာမဟုတ်ဘူးလေ။ လောင်းကစားသမားတွေ ကနေပြီးတော့ ပတ်သက်ပြီးတော့ တစ်ဆင့်တစ်ဆင့်နဲ့ အွန်လိုင်းကနေပြီးတော့ လောင်းကစား လုပ်တဲ့သူတွေနဲ့ သွားငြိတယ်ပြောတယ်။ လောင်းကစားသမားတွေရဲ့ အကောင့်ကို လိုက်ပိတ်ရင်းနဲ့ သူတို့အကောင့်ပါ အပိတ်ခံလိုက်ရတာ။ အဲဒီလိုဖြစ်သွားတာ။ ငွေလဲသမားတွေက လောင်းကစားသမားတွေရဲ့ ပိုက်ဆံတေ...