မာလာလာ၏ ပြောကြားချက်များကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ အပြင်းအထန်ကန့်ကွက် တုံ့ပြန်




ဒေါ်အောင်ဆန်းစုကြည်မှ အပြင်းအထန်ကန့်ကွက် တုံ့ပြန်ပြောကြားချက်






မာလာလာ ရေးသားပြောကြာမှုများ















Unicode >>>>>

မာလာလာ၏ ပြောကြားချက်များကို ဒေါ်အောင်ဆန်းစုကြည်မှ အခုလို အပြင်းအထန်ကန့်ကွက်

မာလာလာ၏ ပြောကြားချက်များကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ အပြင်းအထန်ကန့်ကွက်

ကျမတို့ရဲ့ နိုင်ငံအရေးကို ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ ဖိအားပေးလို့ မရပါဘူး

ကျမတို့ရဲ့ ပြည်သူတွေကသာလျှင် အကြမ်းဖက်တာကို ခံရတာပါ

သူတို့ဟာ A RSAအကြမ်းဖက်စစ်စစ်တွေပါ

ဒါကို တပ်မတော်ကလည်း အပြင်းအထန် စစ်ဆင်ရေးနဲ့ ဆင်နွဲနေပါတယ်။

ဒီလို အကြမ်းဖက်လုပ်ရက်တွေကို လုပ်တဲ့ ARSA’အကြမ်းဖက်သမားတွေကို နိုင်ငံသားအဖြစ် ကျမ လုံးဝလက်မခံနိုင်ပါဘူး။


(ရိုဟင်ဂျာ) မွတ်ဆလင်များအပေါ် အရှက်ရဖွယ် ဖိနှိပ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည် က ရှုတ်ချအပြစ်တင်သည်ကို ကမ္ဘာကြီးက စောင့်ဆိုင်းနေသည်ဟု မာလာလာ တွစ်တာတွင် ရေးသား

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် (ရိုဟင်ဂျာ) ဒုက္ခသည်များအပေါ် အကြမ်းဖက်မှုများ အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အပြစ်တင်ရှုတ်ချသည်ကို ကမ္ဘာကြီးက စောင့်ဆိုင်းနေကြောင်း ပါကစ္စတန် အမျိုးသမီးငယ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မာလာလာ ယူဆာဇီက သူမ၏ တွစ်တာမှ တစ်ဆင့် ရေးသားတောင်းဆိုလိုက်သည်။

မာလာလာမှာ ပါကစ္စတန်နိုင်ငံအတွင်း အမျိုးသမီးငယ်များ ပညာသင်ကြား ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်မှု များကြောင့် တာလီဘန်များ၏ သေနတ် ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရကာ အသက် ၁၇ နှစ် အရွယ် ၂၀၁၄ က ငြိမ်းချမ်း ရေး နိုဘယ်လ်ဆုကို ရရှိခဲ့သည်။ နိုဘယ်လ်ဆု သမိုင်းကြောင်း တစ်လျှောက် တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ အသက်အငယ်ဆုံး ပုဂ္ဂိုလ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ သြဂုတ် ၂၅ မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ရိုဟင်ဂျာမူဆလင် စုစုပေါင်း ၈၇၀၀၀ ၀င်ရောက်လာသည်ဟု နိုင်ငံတကာသတင်းများက ဖော်ပြခဲ့သည်။ အဆိုပါ ပဋိပက္ခများအတွင်း လူပေါင်း ၄၀၀ခန့် သေဆုံးခဲ့ပြီး အများစုမှာ ရိုဟင်ဂျာ မူဆလင်များ ဖြစ်သည် ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

မာလာလာကမူ သူမ၏တွစ်တာမှ တစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ တွင် မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ သည့် (ရိုဟင်ဂျာ) မွတ်ဆလင် များအား မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသား ဖြစ်ခွင့်ကိုပါ အသိအမှတ် ပြုပေးသင့်ကြောင်း ထည့်သွင်း တောင်းဆိုခဲ့သည်။

အလားတူ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ရန်လည်း တိုက်တွန်းခဲ့ သည်။ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် (ရိုဟင်ဂျာ) ကလေးငယ်များ သေဆုံးရခြင်းအတွက်လည်း ရင်ထုမနာဖြစ် ရပြီး ယခုကဲ့သို့ အရှက်ရဖွယ် ဆက်ဆံမှုများအတွက် ရှုတ်ချသည်ကို ပြီးခဲ့ သည့် နှစ်များအတွင်း ကြိမ်ဖန်များစွာ ပြောဆို ခဲ့ကြောင်းလည်း မာလာလာ က ရေးသားခဲ့သလို သူမကဲ့သို့ပင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရထားသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ယခုကဲ့သို့ (ရိုဟင်ဂျာ) လူနည်းစု မွတ်ဆလင်များအပေါ် အရှက်ရဖွယ် အကြမ်းဖက် ဆက်ဆံသည်ကို ရှုတ်ချခြင်း အား ကမ္ဘာကြီးနှင့် (ရိုဟင်ဂျာ) မွတ်ဆလင်များက စောင့်ဆိုင်း နေကြောင်း မာလာလာက ကြေညာခဲ့ခြင်း ဖြစ်သည်။

မာလာလာ၏ တွစ်တာမှတစ်ဆင့် ကြေညာချက် အပြည့်အစုံမှာ

မြန်မာနိုင်ငံမှာ (ရိုဟင်ဂျာ) မွတ်ဆလင်တွေ အခုလိုမျိုး ခံစားနေရတဲ့ သတင်းတွေကို မြင်လိုက်ရတဲ့ အချိန်တိုင်း ကျွန်မရဲ့ နှလုံးသားတွေ ကွဲကြေရပါတယ်။ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ပါတော့၊ ဒီနေ့ဆိုရင် မြန်မာလုံခြုံရေးအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကို ခံရတဲ့ ကလေးငယ်လေးတွေရဲ့ ရုပ်ပုံကို ကျွန်မတို့ မြင်တွေ့ခဲ့ရတယ်။ ဒီကလေးငယ်တွေက ဘယ်သူ့ကိုမှ တိုက်ခိုက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ အိမ်တွေ ကတော့ မီးလောင်ပြာကျနေပါတယ်။

သူတို့ (ရိုဟင်ဂျာ- မွတ်ဆလင်များကိုဆိုလို) ရဲ့ အိမ်က မြန်မာနိုင်ငံမှာ မရှိဘူးဆိုရင် သူတို့ရဲ့မျိုးဆက်တွေက ဘယ်လိုရှင်သန် ပေါက်ဖွားလာ ခဲ့တာလဲ၊ ဘယ်နေရာကလဲ (ရိုဟင်ဂျာ) တွေကို မြန်မာနိုင်ငံမှာ နိုင်ငံသား အဖြစ် အသိအမှတ်ပြု ခွင့်ပြုပေးသင့်ပါတယ်။ မြန်မာနိုင်ငံကလည်း သူတို့မွေးဖွားခဲ့ရာ နိုင်ငံပဲလေ။

ကျွန်မရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်အပါအဝင် အခြားနိုင်ငံတွေ အနေနဲ့ လည်း ဘင်္ဂလားဒေ့ရှ်ထုံး နှလုံးမူပြီး လိုက်ပါ ဆောင်ရွက်သင့်တယ်၊ အစားအသောက်တွေ၊ နေထိုင်ဖို့ ရှယ်လ်တာတဲတွေ၊ အကြမ်းဖက်ခံရ မှုတွေကြောင့် ထွက်ပြေးလာရတဲ့ (ရိုဟင်ဂျာ) မိသားစု တွေရဲ့ ပညာရေး အတွက် ကူညီပေးသင့်တယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဒီလိုမျိုး အရှက်ရဖွယ် ဆက်ဆံမှုတွေကို ထပ်ခါ တလဲလဲ ကျွန်မ ရှုတ်ချခဲ့တာပါ။ ကျွန်မလိုပဲ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ရှုတ်ချဖို့ ကျွန်မ စောင့်စား နေပါတယ်။ ကမ္ဘာကြီးနဲ့ (ရိုဟင်ဂျာ) မွတ်ဆလင်တွေကလည်း စောင့်ဆိုင်းနေပါတယ်ဟု မာလာလာက တွစ်တာမှတစ်ဆင့် ရေးသား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မာလာလာက (ရိုဟင်ဂျာ) မွတ်ဆလင်များဟု သုံးနှုန်းခဲ့သော်လည်း မြန်မာအစိုးရ အာဏာပိုင်များကမူ မြန်မာနိုင်ငံတွင် (ရိုဟင်ဂျာ) မရှိဘဲ ဘင်္ဂလီများသာရှိသည်ဟု ယခင်ကတည်းက အစဉ်တစိုက် ပြောဆိုထား သည်။

မာလာလာမှာ ၂၀၁၂ အတွင်းက လုပ်ကြံခံခဲ့ရသော်လည်း အသက် အန္တရာယ်မှ လွတ်မြောက်လာပြီးနောက် အင်္ဂလန်နိုင်ငံရှိ အောက်ဖို့စ် တက္ကသိုလ်တွင် ဒဿနိကဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေး ပညာရပ်များ သင်ယူခွင့်ရခဲ့ကာ ၂၀၁၄ တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခဲ့ခြင်းဖြစ် သည်။ မာလာလာ ရည်ညွှန်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့သူဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံ ၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ်သာမက နိုင်ငံခြားရေး ၀န်ကြီးအဖြစ်ပါ တာဝန် ယူထားသူ ဖြစ်သည်။


Ref Guardian , The National . The Journal, The Ladies News

References Link: http://tawthu.com/?p=2185

Comments

Popular posts from this blog

လှိုဏ်ဂူအတွင်းပိတ်မိ တောဝက်ဘောလုံးအသင်းက ဘောလုံးသမားလေးတွေရဲ့ လက်ရှိ အခြေအနေ

ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နှင့် လိုက်ပါလာသူများကို ရသေ့တောင်တွင် သံပုံးတီး ကန့်ကွက်

မြန်မာနိုင်ငံသားတချို့ရဲ့ ဘဏ်စာရင်း တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်တွေမှာ ပိတ်ခံရ