Posts

Showing posts from September, 2017

AA နှင့် ပတ်သက်၍ ဝ တပ်မတော် သတင်း ပြန်ကြားရေး တပ်ဖွဲ့၏ ထုတ်ပြန်ချက်

Image
ရခိုင်ပြည်နယ် အရေး နှင့်ပတ်သတ်၍ ဝ တပ်မတော်၏ နောက် ဆက်တွဲ သဘောထား ထုတ်ပြန် ကြေငြာချက် နှင့် AA အဖွဲ့သို့ သတိပေး အကြောင်းကြားခြင်း မိမိ တို့ ဝ တပ်မတော် လက်နက်ကိုင် ထားရသည် ဆိုသည်မှာ ( ၁ ) မိမိ တို့ ဝ လူမျိုးကို ကာကွယ်ရန် ( ၂ ) မိမိ တို့ နိုင်ငံကို ကာကွယ်ရန် ဖြစ်သည် သို့သော်လည်း ရခိုင် ကိုယ်စားပြု AA အဖွဲ့သည် လက်နက် ကိုင်ဆောင် ထားသော်လည်း မိမိ တို့၏ တိုင်းရင်းသား များကို မကာကွယ်ပဲ လစ်လျူရှုလျက် ရှိပေသည်။ ထို့အပြင် ရခိုင်ပြည်နယ်အား ကူညီပေးနေသော မြန်မာ့တပ်မတော် အား သူရဲဘောကြောင်စွာ ခြုံခို တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်စဉ်ကို မိမိ တို့ ဝ တပ်မတော် အနေဖြင့် အထူးရှုံ့ချသည်။ ထိုအတွက် မြောက်ပိုင်း မဟာမိတ် အထူးအစဉ်းအဝေးကျင်းပ၍ AA လက်နက်ကိုင် တပ်ဖွဲ့အား မြောက်ပိုင်း မဟာမိတ် အဖြစ်မှ ယနေ့မှ စ၍ ထုတ်ပယ် လိုက်ပီ ဖြစ်သည်။မိမိ တိုင်းရင်းသားများအား ဘင်္ဂလီ အကြမ်းဖက်ရန်မှ မကာကွယ်ပဲ ဘင်္ဂလီ အကြမ်းဖက် အဖွဲ့နှင့် ပူးပါင်း၍ တပ်မတော်အား ခြုံခို တိုက်ခိုက်နေသော AA အဖွဲ့ကို မိမိ တို့ ဝ တပ်မတော်မှ စစ်ရေးအရ အမြစ်ပြတ် တိုက်ထုတ် သွားမည် ဖြစ်သည်။ ဝ တပ်မတော် သတင်း ပြန်ကြားရေး တပ်ဖွဲ့ Reference Lin...

နိုင်ငံတကာက ဖိအားပေးနေမှုတွေကို ကြောက်ရွံ့နေမှာ မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

Image
မြန်မာအစိုးရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စေ့စေ့စပ်စပ် ဖိအားပေးမှုတွေကို ကြောက်ရွှံ့နေမှာ မဟုတ်ဘူး ဒီကနေ့မှာ ပြောပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာ သံတမန်တွေကို ဖိတ်ကြားပြီး နေပြည်တော်မှာ ရခိုင်အရေးနဲ့ သက်ဆိုင်တဲ့ အစိုးရရဲ့ ဖြေရှင်းဆောင်ရွက်နေမှုတွေနဲ့ ပြင်ဆင်ထားမှုအပေါ် အခြေပြုတဲ့ မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောဆိုတာပါ။ လူ့အခွင့်အရေးချိုးဖောက်မှု မှန်သမျှကိုတော့ ရှုတ်ချကြောင်း ပြောဆိုပြီး ရခိုင်တပြည်နယ်လုံးရဲ့ ပြန်လည်ထူထောင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ရခိုင်နဲ့ မွတ်ဆလင်အသိုင်းဝိုင်းနှစ်ခုထဲအတွက်ပဲ လူ့အခွင့်အရေးက အရေးကြီးတာမဟုတ်သလို တခြား ဒိုင်းနက် ၊ မြို ၊ သက် ၊ မရမာကြီး စတဲ့ မျိုးနွယ်စု တိုင်းရင်းသားတွေလည်း ရှိသေးတဲ့အတွက် သူတို့ကိုလည်း အကာအကွယ်ပေးဖို့ လိုတယ် သူတို့တွေလည်း ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ မွတ်ဆလင်တွေ သိန်းနဲ့ချီ ထွက်ပြေးနေတယ်လို့ သတင်းတွေက ဆိုပေမဲ့ မွတ်ဆလင် ၅၀ ရာခိုင်နှုန်းကျော်ဟာ ပဋိပက္ခဇုံထဲမှာပဲ ...

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်မိန့်ခွန်းမှ ကောက်နှုတ်ချက်များ

Image
စက်တင်ဘာ ၁၉၊ ၂ဝ၁၇ခုနှစ် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ ပြသနာတွေနဲ့ပတ်သက်ပြီး ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ပါဝင်ပြီး နှစ်ပေါင်းများစွာ ကျွန်မတို့နိုင်ငံ ခံစားနေရတဲ့ သွေးထွက်သံယိုမှုတွေကို ဖြေရှင်းရမယ့် နည်းလမ်းတွေကို ရှာဖွေကြဖို့ ကျွန်မဖိတ်ခေါ်လိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကစလို့ ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စတင်ခဲ့ပါတယ်။ ကျွန်မတို့မှာ အခက်အခဲတွေအများကြီးကြုံရပါတယ်။ ဒီအတွက် မအံ့သြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ရင် အခက်အခဲတွေ ရှိစမြဲဆိုတာ ကျွန်မသိပါတယ်။ တစ်ခါတစ်လေ ဖြစ်စဉ်တွေက ရပ်တန့်သွားမယ်။ တစ်ခါတစ်လေ ဖြစ်စဉ်တွေက လုံးဝတန့်နေမယ်။ တစ်ခါတစ်လေ ကိစ္စအားလုံးက တစ်စစီကိုပြိုလဲကျနေတာမျိုးပေါ့။ အဆုံးသတ်မတော့ ကျမတို့အားလုံးဟာ လက်တွဲပြီး အတူတူ ရှေ့ဆက်ကြရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့တွေဟာ စစ်ပွဲတွေထက် ငြိမ်းချမ်းရေးကို ပိုလိုလားလို့ပါပဲ။ ပဋိပက္ခထက် ဟာမိုနီဖြစ်တာကို လိုချင်ပါတယ်။ ဒါဟာ ကျွန်မတို့မြန်မာပြည်သူပြည်သားတွေအားလုံးရဲ့ ...

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြသနာသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်ကြောင်း သူရဦးရွှေမန်း ဆို

Image

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန် ကျပ်ငွေ ၅ ဘီလီယံချထားပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွန်ထား

Image
စက်တင်ဘာ ၁၄၊၂၀၁၇ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးကာဖို့ ကျပ် ၅ ဘီလီယံချပေးထားပြီး ထပ်အဆင့်မြှင့်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွန်ထားတယ်လို့ မနေ့ညက သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော ကြောင်းသိရ ပါတယ်။ “ နှစ်နိုင်ငံ နယ်ခြား မိုင်တိုင်အမှတ် ၃၀ ကနေ ၄၇ ကြားနေရာမှာ အပေါက်တွေရှိပီး အဲဒီ အပေါက်ကနေ ထွက်ပြေးနေတာတွေနဲ့ ပတ်သက်လို့လည်း ဖာတဲ့ဟာတွေလုပ်နေတယ်၊ ကျန်တဲ့ မိုင် ၄၀ ကိုလည်း ဘက်ဂျက်က ချထားပြီးသား။ အဲဒါကို ဆက်လုပ်နေပြီ။ ပြန်လည်ပြုပြင်တာနဲ့ နယ်နိမိတ်မှတ်တိုင် ၁၄၆ ရဲ့ တောင်ဘက် ပင်လယ်ပြင်ရေထွက်ပေါက် မြောင်းအပါအ၀င် ခြံစည်းရိုးကာရံတာ အဲဒါတွေအတွက် စုစုပေါင်း ၅ ဘီလီယံပေးထားပြီးပြီ၊ အခု အဲဒါနဲ့လုပ်နေတယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။ ဒါအပြင် ခြံစည်းရိုးကို အဆင့်မြှင့်တင်တာတွေလုပ်ဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက လမ်းညွန်ထားပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် ခြံစည်းရိုးကာတာတွေနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ဖို့ လုပ်နေသလို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်နဲ့ လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ဘက်ဂျက်တွေ ချထားတယ်လို့ ဆိုပါတယ်။ ...

ရခိုင်ပြည်နယ် ပြဿနာ နှင့် ပတ်သက်၍ သူရဦးရွှေမန်း ပြောကြားချက်များ

Image
ရခိုင်ပြည်နယ် ပြဿနာ နှင့် ပတ်သက်၍  သူရဦးရွှေမန်း ပြော ကြားချက်များ Full credit to  သူရဦးရွှေမန်း

ပုသိမ်၊ ဟသာင်္တ၊ အင်္ဂပူ မြို့တို့တွင် မနက်ပိုင်း ၉း၃၀ နာရီခန့်က တွေ့ရသည့် နေထီးဆောင်းမှုမြင်ကွင်း

Image
ဧရာဝတီတိုင်းဒေသကြီးရဲ့မြို့အချို့မှာ နေထီးဆောင်းတာကို ဒီနေ့မနက်ပိုင်းက မြင်တွေခဲ့ရတာပါ။ ပုသိမ်၊ ဟသာင်္တ၊ အင်္ဂပူ စတဲ့ဒေအချို့မှာ မြင်တွေရတာပါ။ နေရဲ့ ဘေးမှာ တိမ်တွေအဝိုင်းလိုက် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေတာပါ။ “ ဟသာင်္တပေါ်မှာတော့ ဒီမနက်ပိုင်း ၉း၃၀ နာရီခန့်လောက်နေ နေလယ် ၁၂ နာရီလောက် အထိ မြင်ရတာပါပဲ။ အဲတာမျိုးဖြစ်တာကတော့ ဘာအတိတ်နိမိတ်ဆောင်တယ်ဆိုတာတော့ အတိအကျ မသိပါဘူး ” လို ဟသာင်္တဒေသခံ ကိုဝင်းနိုင်က ပြောပါတယ်။ “ အင်္ဂပူကတော့ ၁၁ နာရီလောက်ကနေ ၁၂ ကျော်အထိ တွေ့ရတာပါ။ ရှေ့လူကြီးသူမတွေကတော့ ဒါဟာ အေးချမ်းတဲ့သဘာဆောင်တယ် ငြိမ်းချမ်းခြင်း လက္ခာရှိတယ်လို့ ပြောဖူးတာပဲ။ ဒါမျိုးဖြစ်စဉ်ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က လည်း ဖြစ်ဖူးတယ် ” လို့ အင်္ဂပူ ဒေသခံ ကိုမန်ကျော်က ပြောပါတယ်။ Full  Credit to ဒီဗွီဘီ

ယာခင်းထဲ၌ အမျိုးသမီး(၂)ဦး မိုးကြိုးပစ်ခံရ (၁)ဦးသေဆုံးမှုဖြစ်ပွား

Image
ယာခင်းထဲ၌ အမျိုးသမီး(၂)ဦး မိုးကြိုးပစ်ခံရ (၁)ဦးသေဆုံးမှုဖြစ်ပွား မကွေး၊ စက်တင်ဘာ ၈ ယာခင်းထဲ၌ အမျိုးသမီး(၂)ဦး မိုးကြိုးပစ်ခံရ (၁)ဦးသေဆုံးမှုဖြစ်ပွား ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook စာမျက်နှာ တွင်ဖေါ်ပြထား ဖေါ်ပြချက် အပြည့်အစုံမှာ ----- ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ လျောင်းတော်ဦးကျေးရွာတွင် အမျိုးသမီး(၂)ဦး မိုးကြိုးပစ်ခံရ၍ သတိလစ်နေကြောင်း သတင်းအရ ယင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါကျေးရွာ၏ မြောက်ဘက်ရှိ ဦးညိုမင်းဝေ၏ ယာခင်းအတွင်း၌ နှမ်းခါအလုပ်သမားများ ဖြစ်သည့် မသန္တာအေး(၃၈)နှစ်နှင့် မအေးမင်း(၄၅)နှစ်တို့သည် နှမ်းခါနေစဉ် မိုးကြိုးပစ်ခံရ၍ နှစ်ဦးစလုံးသတိလစ်မေ့မျောနေသည်ကို တွေ့ရှိသဖြင့် မကွေးဆေးရုံသို့ ကူညီပို့ဆောင်ပေးပြီး မအေးမင်း မှာ ဆေးကုသနေစဉ် သေဆုံးသွားသဖြင့် မကွေးနယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၇)ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ Credit to: မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ References Link: https://www.faceb...

နေ့စဉ်မိုးလေဝသသတင်း၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်

Image
နေ့စဉ်မိုးလေဝသသတင်း မိုးလေ၀သနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက် ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာ ကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့် မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး...

ဆက်သွယ်ရန် True News

ပြန်လည်ဆက်သွယ်ပါမယ်၊ ပြန်လည်ဆက်သွယ်ရန် သင့်လိပ်စာကို comments တွင် ထားခဲ့ပါ

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် (၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

Image
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် မိုးလေ၀သနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက် ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်   ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် မိုးလေ၀သအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။   အမြင်တာ ။ (၅)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။  ရေပြင်လေ။ တောင်(သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။   လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။   လှိုင်းအမြင့်။ (၄)ပေမှ (၇)ပေခန့်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်   ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက် မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။   အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ...

နေ့စဉ်မိုးလေဝသသတင်း၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်

Image
နေ့စဉ်မိုးလေဝသသတင်း မိုးလေ၀သနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက် ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်  ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင် (၄)ပေမှ (၇)ပေခ...

မာလာလာ၏ ပြောကြားချက်များကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ အပြင်းအထန်ကန့်ကွက် တုံ့ပြန်

Image
ဒေါ်အောင်ဆန်းစုကြည်မှ အပြင်းအထန်ကန့်ကွက် တုံ့ပြန်ပြောကြားချက် “ ကျမတို့ရဲ့ နိုင်ငံအရေးကို ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ ဖိအားပေးလို့ မရပါဘူး ကျမတို့ရဲ့ ပြည်သူတွေကသာလျှင် အကြမ်းဖက်တာကို ခံရတာပါ ” သူတို့ဟာ A RSA အကြမ်းဖက်စစ်စစ်တွေပါ ဒါကို တပ်မတော်ကလည်း အပြင်းအထန် စစ်ဆင်ရေးနဲ့ ဆင်နွဲနေပါတယ်။ ဒီလို အကြမ်းဖက်လုပ်ရက်တွေကို လုပ်တဲ့ ARSA’ အကြမ်းဖက်သမားတွေကို နိုင်ငံသားအဖြစ် “ ကျမ လုံးဝလက်မခံနိုင်ပါဘူး။ မာလာလာ ရေးသားပြောကြာမှုများ ( ရိုဟင်ဂျာ) မွတ်ဆလင်များအပေါ် အရှက်ရဖွယ် ဖိနှိပ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည် က ရှုတ်ချအပြစ်တင်သည်ကို ကမ္ဘာကြီးက စောင့်ဆိုင်းနေသည်ဟု မာလာလာ တွစ်တာတွင် ရေးသား ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် (ရိုဟင်ဂျာ) ဒုက္ခသည်များအပေါ် အကြမ်းဖက်မှုများ အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အပြစ်တင်ရှုတ်ချသည်ကို ကမ္ဘာကြီးက စောင့်ဆိုင်းနေကြောင်း ပါကစ္စတန် အမျိုးသမီးငယ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မာလာလာ ယူဆာဇီက သူမ၏ တွစ်တာမှ တစ်ဆင့် ရေးသားတောင်းဆိုလိုက်သည်။ မာလာလာမှာ ပါကစ္စတန်နိုင်ငံအတွင်း အမျိုးသမီးငယ်များ ပညာသင်...

ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နှင့် လိုက်ပါလာသူများကို ရသေ့တောင်တွင် သံပုံးတီး ကန့်ကွက်

Image
ရခိုင်ပြည်နယ်အစိုးရ  ၀န်ကြီးချုပ်နှင့် လိုက်ပါလာသူများကို ရသေ့တောင်တွင် သံပုံးတီး ကန့်ကွက်  ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နှင့် လိုက်ပါလာသူများကို ရသေ့တောင်တွင် သံပုံးတီး ကန့်ကွက် (ရုပ်သံ) ပြည်တွင်း၊ စက်တင်ဘာ ၇ ၊ ၂၀၁၇ ရခိုင်ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့  ဒီကနေ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ဖို့ စီစဉ်ရာမှာ ဒေသခံတွေရဲ့ ကန့်ကွက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့အဖွဲ့ ရသေ့တောင်မြို့ကိုသွားရောက်စဉ် အတူပါလာတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံတွေက သံပုံး၊ စလောင်ဖုံးတွေတီးပြီး ဆန္ဒပြခဲ့တာလို့  ရသေ့တောင်လွှတ်တော်အမတ် ဦးဦးသန်းနိုင်က ပြောပါတယ်။ “ ၀န်ကြီးချုပ်ခရီးစဉ်နဲ့အတူ အစ္စလာမ်ဘာသာဝင်နှစ်ဦး ပါလာတာပေါ့နော်။အဲဒီလူတွေကို ငြိမ်းချမ်းစွာဘာသာပေါင်းစုံ အတူနေထိုင်ရေး တရားဟောဖို့ လာတာပေါ့။ တရားဟောဖို့၊ ဆွေးနွေးဖို့လာကြတာကို မြို့လူထုတွေက လက်မခံကြဘူး။ အဲဒီမှာအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့်ြေ...

ဟီရိုရှီးမားမြို့ဖျက်ဗုံး ထက် အခု မြောက်ကိုရီးယားဗုံးက ၁၀ ဆ ပိုပြင်းလို့ ဂျပန်ပြော

Image
ဟီရိုရှီးမားမြို့ဖျက်ဗုံး ထက် အခု မြောက်ကိုရီးယားဗုံးက ၁၀ ဆ ပိုပြင်းလို့ ဂျပန်ပြော နိုင်ငံတကာ၊ စက်တင်ဘာ ၆၊ ၂၀၁၇ မြောက်ကိုရီးယားက နောက်ဆုံးတကြိမ် စမ်းသပ်ပစ်လွှတ်လိုက်တဲ့ နျူကလီးယားဗုံးဟာ ဟီရိုရှီးမား အဏုမြူဗုံးအားထက် ၁၀ ဆ ပိုပြီး ကီလိုတန် ၁၆၀ လောက်ရှိတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး Onodera က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံ ဟီရိုရှိးမားမြို့ ၁၉၄၅ ခုနှစ်မှာ ပြာပုံကျသွားစေတဲ့ အမေရိကန်လုပ်အဏုမြူဗုံးက ၁၅ ကီလိုတန်ရှိပါတယ်။ လာမယ့်ရက်တွေမှာ မြောက်ကိုရီးယားကို ထပ်မံအရေးယူပိတ်ဆို့မယ့် ဆုံးဖြတ်ချက်သစ်ကို အမေရိကန်က တင်ပြမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြပေမဲ့ မြောက်ကိုရီးယားကို ပိုမိုအရေးယူဖို့ အမေရိကန်က တိုက်တွန်းတာတွေဟာ အကျိုးမရှိဘူးလို့ ပြောကြားရင်း ရုရှားသမ္မတ Vladimir Putin က မနေ့က ပယ်ချလိုက်ပါတယ်။ ဒါပေမဲ့ ရုရှားအရှေ့ဖျားက Vladivostok မြို့မှာ ခေါင်းဆောင်နှစ်ဦး မနက်ဖြန်တွေ့ဆုံတဲ့အခါ မြောက်ကိုရီးယားအရေးကိစ္စနဲ့ ပတ်သက်ပြီး ထောက်ခံဖို့ ပူတင်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက တိုက်တွန်းမယ်လို့ မျှော်လင့်ရပါတယ်။ ေ...

ဗီယက်နမ် ကန့်ကွက်ချက် တရုတ်က ငြင်းပယ်

Image
ဗီယက်နမ် ကန့်ကွက်ချက် တရုတ်က ငြင်းပယ် နိုင်ငံတကာ၊ စက်တင်ဘာ ၆၊ ၂၀၁၇ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်တာကို ဗီယက်နမ်က ကန့်ကွက်တဲ့အပေါ် သူ့ရဲ့ပိုင်နက်ထဲလေ့ကျင့်တာဖြစ်တယ်လို့ တရုတ်က ပြန်ပြီး တုန့်ပြန်လိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံက သူ့ပိုင်ဆိုင်မှုအဖြစ် ကြေညာထားတဲ့ ပါရာဆယ်လ်ကျွန်းတွေနားမှာ တရုတ်က စစ်ရေးလေ့ကျင့်ခဲ့တာပါ။ ဒီကိစ္စမှာ ဘာမှအမှားမလုပ်ခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Geng Shuang က ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ရေပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်လို့ တရုတ်နဲ့ဗီယက်နမ်ကြား တင်းမာမှုဟာ ၃ နှစ်အတွင်း အဆိုးဆုံးအခြေအနေကို ရောက်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက တောင်တရုတ်ပင်လယ်ထဲ ဗီယက်နမ်ဘက်က ရေနံရှာနေတာကိုရပ်ဖို့ တရုတ်အစိုးရက ဖိအားပေးခဲ့တဲ့အတွက် ဗီယက်နမ်ဘက်က ရပ်ဆိုင်းပေးခဲ့ရပါတယ်။ News credit: RFA Burmese Photo credit: Naing Myanmar References link: https://www.facebook.com/rfaburmese/?hc_ref=ARRPXm_i8yUeZVHMvajFgzr9BxOOpkmuA8H1-tZGYuKbjySJb0vpESBjJ0hJxqlI9Qw&fref=nf